ဒဏ် ............

လှုပ်ခတ်မှုတွေက
ရင်ထဲအတိုင်းအဆမဲ့နေပြီ ....
မပြီးဆုံးသေးတဲ့
ခပ်ဝါးဝါးပန်းချီကားတချပ်ဆီက လှောင်ရယ်သံတွေများလား ....
မျှော်လင့်ခြင်းဆိုတာ ရှိနေသေးသမျှ
...တိတ်ဆိတ်နေတဲ့ ရင်ခွင်တစုံတရာဆီက
လှည့်စားမှုဆိုတာတွေကိုတောင်
ငါ တရှိုက်မက်မက် တမ်းတနေမိတော့မှာပဲ ......။

Labels:

Posted on 12:38 AM by ပိုင်ဖြိုးကို | 0 Comments

လင်းကြက်

လင်းကြက်

ကြည့်စမ်းပါဦး ……
အတ္တတွေကိုပုံသွန်းလောင်းထားလိုက်ပုံများ……
နတ်ဘုရားမှတ်ပြီးတောင် ကိုးကွယ်မိရဲ့  ………

မော်ပါ … ဖူးပါ ………………
သမိုင်းဦးဘုံမြေကတည်းက အမြစ်တွယ်လာတာ
“ နိုင်ရာစား “ မဟုတ်လား …………

လူနည်းတစ်စုရဲ့ ရမ်းကားမှုဟာ…………
အမှန်တရား မဖြစ်နိုင်တာတောင် ……
အချိန်ကပေးတဲ့အဖြေတွေမှာ ……
ကြက်ခြေခတ်တွေ များနေဆဲ ………

နှလုံးသွေးတွေ ဖြစ်ညှစ်လို့ …….
ထပ်တွန်ကြည့်မယ် …….
အရုဏ်ကျဉ်းဦးမလား …………….

မုတ်သုန်

Labels:

Posted on 9:28 PM by ပိုင်ဖြိုးကို | 11 Comments

မှန်

ကြည့်မှန်တစ်ချပ်လိုပါပဲ
ကိုယ့်ကိုကိုယ်ပဲ ပြန်မြင်နေမိတယ် ........

ဝိုးတဝါးအရိပ်တခုက
တပ်မက်စွာ ပြုံးပြနေဆဲ .........

အလင်းစက်ရဲ့ အနားသတ်ကို
ငတ်မွတ်စွာလိုက်ရှာနေမိလည်း
ဖြေသိမ့်ခဲ့ရတဲ့ ရင်ခွင်တစုံနဲ့သာ .........................။

Labels:

Posted on 10:08 PM by ပိုင်ဖြိုးကို | 4 Comments

အနားသတ် ....

ငါချစ်ခဲ့ရတာနဲ့ကို ၊ ငါ့ဆီမှာဘာမှကိုမကျန်တော့

ချစ်နေရရုံနဲ့ ကျေနပ်နေခဲ့တဲ့ငါ …..။

နှစ်သိမ့်ဆုကိုတောင် အဝေးကနေငေးနေဆဲ

ငါရင်ထဲမှာ သိနေတဲ့ အနားသတ် ….. တစုံတရာ။

တမြေ့မြေ့ကျွမ်းလောင်တဲ့ သောကကို

မင်း ဥပက္ခာထားခဲ့လဲ ….. ခွင့်လွှတ်ခြင်းများနဲ့သာ …..။

Labels:

Posted on 12:00 AM by ပိုင်ဖြိုးကို | 7 Comments

ခံဝန်ချက် ....

ငါ့နှလုံးသား သံစဉ်တွေက

ပြတ်တောင်းပြတ်တောင်းနဲ့ ဝေဝါးလာပြီ ……။


မသေခြာ၊ မရေရာတဲ့

ငါ့ဘဝရဲ့ အနာဂတ်ကို

ငါကိုယ်တိုင် ကြောက်ရွံ့နေတယ် …..။


လေကို ဖမ်းမိချင်ခဲ့တဲ့ ဆန္ဒနဲ့

ရေလို မတည်ငြိမ်နိုင်တဲ့ ခံစားမှုတွေကို

မင်းဥပက္ခာထားခဲ့တာလေ …….။


တရွေ့ရွေ့နီးလာနေတဲ့

လမ်းခွဲခရီးကို ငါတုန်လှုပ်စွာ စောင့်နေမိတော၊့

အရာရာကို သွေးအေးတတ်ခဲ့တာ

အပြစ်တခုလို့ ဆိုချင်တာလားကွာ ………….။ ။

Labels:

Posted on 10:28 PM by ပိုင်ဖြိုးကို | 3 Comments

ခံယူခြင်း ......

ငြိမ်သက်နေတဲ့
ကန်ရေပြင်မှာ
ရှပ်ပြေးသွားတဲ့ ခဲတစ်လုံး .....

ရုန်းထခဲ့တဲ့
လှိုင်းကြပ်ခွပ်ကို
ဟားနေတာက သဘာဝတရား .....

အပြစ်မရှိတဲ့ ခဲ့လုံးလေးနဲ့၊
ဖြူစင်တဲ့ လှိုင်းကြပ်ခွပ်လေးအတွက်၊
မှားယွင်းစွာတည်ရှိခဲ့တဲ့ ကန်ရေပြင်လေးက .................

Labels:

Posted on 12:41 PM by ပိုင်ဖြိုးကို | 0 Comments

ယစ်မူးခြင်း

စိတ္တဇဆန်တဲ့
မှောင်လွန်းတဲ့လမ်းကို
ငါတပ်မက်ခဲ့တယ်။

မဟာဆန်တဲ့
ဂီတာအိုရဲ့သံစဉ်နဘေးမှာ
ငါဝပ်တွားခဲ့တယ်။

အဆိပ်တက်နေတဲ့
ဝိုင်ချိုချိုတစ်ခွက်ကို
ငါယစ်မူးခဲ့တယ်။

စူးစူးရှရှ
မျက်ဝန်းနက်တွေကို
ငါ .. ဥပက္ခာထားခဲ့ဘူးတယ်။

ဂုဏ်ရှိန်ပြင်းတဲ့
နိယာမတစုံကို
ငါ ... ဆန့်ကျင်ခဲ့တယ်။

ငါ့ဘဝကိုပုံအော
ဂုဏ်သိက္ခာကိုခဝါချပြီး
ချစ်ခြင်းတခုအတွက်
ငါစိန်ခေါ်လိုက်ပြီ ချစ်သူ .........။

Labels:

Posted on 9:59 PM by ပိုင်ဖြိုးကို | 4 Comments

သခင်

သခင်
သခင့်ထံပါးခစားရင်းလဲ
အကျွန်ပျော်ရွှင်ခဲ့ပါတယ် .....

သခင်
သခင့်ဖဝါးထက် နိမ့်ပါးရင်းလဲ
အကျွန်ဂုဏ်ယူခဲ့ပါတယ် .....

သခင်
သခင့်မိန့်စကား တခွန်းကြားလဲ
အကျွန်မျက်ကန်းခဲ့ပါတယ် .....

သခင်
သခင်စေစား မှန်နဲ့မှားဟု
အကျွန်ဝေဝါးခဲ့ပါတယ် .....

အကျွန့် ဘဝ
သခင့်လက်တွင်း ကျွန်အပ်နှင်း
အကျွန်မှတ်ထားခံယူဆဲပါ သခင် ..........။

Labels:

Posted on 6:37 PM by ပိုင်ဖြိုးကို | 5 Comments

တံလျှပ်

ပစ်ချခဲ့တဲ့ နေရာကနေ
'စ'ရမယ့်ဘဝမှာ
'မာန' နဲ့ 'အရှက်တရား' သာ
လက်ကိုင်ထားခဲ့တယ် ...။

လေ.... နဲ့အတူ
ရေ.... နဲ့အတူ
အလွင့်တွေထဲမှာ
ကျောက်ချထားဆဲ ...။

ချင်ခြင်းတပ်အိပ်မက်တွေအတွက်
ပေးဆပ်ခဲ့ရတာတွေ ...
နေစောင်းချိန်ရောက်မှ
နှောင်းပြီဆိုတာသိခဲ့ပါလား ...။

ကဲ ..
လာခဲ့ ..
ဒီတနွေလည်း ....
ငါရင်ကွဲဦးမယ် ...။

(မုတ်သုန်)

Posted on 8:55 PM by ပိုင်ဖြိုးကို | 3 Comments