ရင်ဖွင့်အလွမ်း

- ဒီကမ္ဘာကြီးပေါ့
အံချော်မှုတွေနဲ့
အပြုံးတုကြီးကို .... သကာသုတ်ထားတယ် ...။
- အဲ့ဒီပြဇာတ်ခုံပေါ်က …
မာယာဝတ်ရုံကို
ခြုံထည်ပြုထားတဲ့
ကန္တာရပန်းလေးဟာ … နင်လား … ချစ်သူ ...။
- ငါ့အတွက်လေ …
မျက်လှည့်ဆရာလို ရိုးသားမှုတွေ
နင် … ပေးအပ်ခဲ့တယ် ...။
- လက်ခံပါ … ချစ်သူ …
နင့်အတွက်တော့
စုတ်ပြတ်နေတဲ့ (ငါ့) ရင်ခွင်ထဲက
ခရမ်းရင့်ရောင် … အချစ်တွေကိုပါ …။
- မငိုတတ်ခဲ့တဲ့ ငါ့နှလုံးသားက
ကြားနေခဲ့တယ် …
မြင်နေခဲ့တယ် …
ဟိုး … ဆီမှာ … ခိုင်မြဲနေတဲ့ …
ချစ်သူ့လက်တွေပါ …။
- ယုံမလား … ချစ်သူ
တံလျှပ်တွေကြားမှာ …
ငါ … ကခုန်နေပါ့မယ် …
ငါ့ရင်ထဲက
အပင်အိုဟာလဲ …
ဆက်လက်စိမ်းလန်းနေလိမ့်မယ် …။
ပိုင်
Labels: ကဗျာ
Posted on 3:01 PM by ပိုင်ဖြိုးကို | 4 Comments