သေချာခြင်း

မိုးရိပ်သန်းတော့

လွမ်းတဲ့စိတ်က

အဆိပ်တက်ပြန်တော့

ငါ့ကိုယ်ငါဘဲပြစ်တင်မိတယ်။


သတိရခြင်းတို့

တမ်းတခြင်းတို့

လွမ်းဆွေးခြင်းတို့ငါ့ရင်ဘတ်နဲ့ ပြည့်နေပြီ။


ရွာတတ်တဲ့မိုးဘဲ မှားနေတာလား ..

ငိုတတ်တဲ့ငါဘဲ မှားနေတာလား ..

သေချာတာကတော့

မုန်းတတ်တဲ့ မင်းကတော့ အမြဲမှန်နေပါတယ်။



ကို

Labels:

Posted on 8:48 PM by ပိုင်ဖြိုးကို | 1 Comments

ပန်းပန်လျှက်ပဲ






ညိုပြာပြာ လတာပြင့် ခြေရင်း ။


လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း ။




ဆင်းရလည်း မသက်သာ ။


အုန်းလက်ကြွေ ရေပေါလော ၊ မျောစုန်လို့လာ ။


အဆင်းနဲ့ အလာ ၊ မဗေဒါ အထွေး ။


အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။




ဆောင့်ခဲ့လည်း မသက်သာ ။


နောက်တချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။


မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။


တလံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။




ပေါ်ပြန်လည်း မသက်သာ ။


ချောင်းအဆွယ် မြောင်းငယ်ထဲက


ဘဲထွက်လို့လာ ။




ဘဲအုပ်မှာ တရာ နှစ်ရာ


ဗေဒါက တပင်ထဲ (တည်း) ။


အယက် အကန်ခံလို့ဗေဒါပျံ အံကိုခဲ ၊


ပန်းပန်လျှက်ပဲ ။




ဆရာဇော်ဂျီ ။


တက္ကသိုလ် ၊ အိုးဝေမဂ္ဂဇင်း ၊ ၁၉၆၀ ။
(ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း အမှတ်ရနေတဲ့ ကဗျာလေးပါ)

Labels:

Posted on 2:45 PM by ပိုင်ဖြိုးကို | 3 Comments

မနက်ဖြန်

အမှန်နဲ့ အမှားကြားမှာ

တတိယလမ်းက ခြားထားသေးတယ် ……


ကိုယ့်ကိုယ်ကိုတောင် ကျေနပ်အားမရနိုင်သေးသမျှ

ဘယ်အရာတွေကို အလိုမကျနေဦးမှာလဲ …..


တုံးတိုက်ထားတဲ့ ဒဏ်ရာတွေ

ကျားကိုက်ထားတဲ့ အနာတွေက

လူတိုင်းမှာလို ရှိနိုင်သေးတော့ …..


ဘုရားသခင်လား ..!

အလ္လာရှင်မြတ်လား ..!

ပဥတ်ထားတာတွေ မသိချင်ပါဘူး …..


မင်းရှိနေသေးတယ်

ငါရှိနေသေးတယ်

အဲ့ဒီမှာတင် ငါတို့ဘဝပျော်မွေ့ကြမယ် …။



ပိုင်

Posted on 4:53 PM by ပိုင်ဖြိုးကို | 1 Comments

သတိရပေးပါ ...

မင်းဖြူစင်ပေမယ့်
စွန်းထင်းခဲ့မိတဲ့ ငါ့နှလုံးသား။

မင်းပေးမလိုလိုနဲ့
မပေးခဲ့တဲ့ သံယောဇဉ်။

မင်းသာယာခဲ့ပေမယ့်
လျှစ်လျူရှုခဲ့တဲ့ ငါ့မေတ္တာ။

မင်းသိခဲ့ပေမယ့်
ဥပေက္ခာထားခဲ့တဲ့ ငါ့အချစ်။

ငါတန်ဘိုးထားပေမယ့်
ပုံစံပြောင်းခဲ့တဲ့ ခင်မင်မှု။

မရှိခဲ့သင့်ပေမယ့်
ထားခဲ့ကြတဲ့ မာနတရား။

သနားချင်ယောင်ဆောင်ပြီး
ဝိုင်းလှောင်ခဲ့တဲ့ ပတ်ဝန်းကျင်။

ဒါတွေမေ့ထားပြီး
မင်းကိုငါ ချစ်နေသေးတယ်ဆိုတာ
တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရပေးပါ။

ကို

Labels:

Posted on 11:41 AM by ပိုင်ဖြိုးကို | 1 Comments

သိခြင်း၊ မသိခြင်း

အတိတ် .......
ငါ ရှိခဲ့သလား
မင်း ရှိခဲ့သလား
သူ ရှိခဲ့သလား
ငါ့ကိုယ်ငါတောင် မသေချာ ...။

ပစ္စုပ္ပန် ......
ငါ ရှိနေတယ်
မင်း ရှိနေတယ်
သူ လဲရှိနေတယ် ...။

အနာဂတ် ......
ငါ ရှိပါ့မလား
မင်း ရှိပါ့မလား
သူ ရောရှိပါ့မလား ...။

မသိချင် သူရဲ့စိတ်ထဲက
မသိသလိုနဲ့ သိနေခြင်းတွေကို
ငါ မသိချင်တော့ဘူး ...။

ငါ လမ်းပျောက်နေတာလား
ငါ လမ်းလျှောက်နေတာလား
သေချာတာက
ငါ တနေရာရာကို ဦးတည်နေတာဘဲ ...။

ငါ ဘယ်ကိုလဲ၊
မင်း ဘယ်ကိုလဲ၊
ငါ ရဲ့မသိခြင်းကို
မင်းသိနေသလို ငါသိချင်လိုက်တာ ....။


ကို

Labels:

Posted on 4:51 PM by ပိုင်ဖြိုးကို | 3 Comments

ကောင်မလေးရေ ......

ကောင်မလေးရေ...
တချိန်ကတော့
လွမ်းချင်ပေမယ့် မလွမ်းတတ်ခဲ့ဘူး ...

ကောင်မလေးရေ
အခုတော့
မလွမ်းချင်ပေမယ့် လွမ်းနေရတယ် .....

ကောင်မလေးရေ
သံယောဇဉ်ဆိုတာ
ချည်ဖို့ထက် ဖြည်ဖို့ခက်နေပြီလေ ......

ကောင်မလေးရေ
မချစ်တတ်ခဲ့သလို
အချစ်ငတ်ခဲ့တဲ့ဘဝကို မင်းသိရဲ့လား ....

ကောင်မလေးရေ
ငါ့အတ္တကို ငါမမြင်ခဲ့ပေမယ့်
မင်းကတော့ ကောင်းကောင်းမြင်ခဲ့တယ်လေ ...

ကောင်မလေးရေ
အရင်ကမင်းချစ်ခဲ့သလို
မင်းကိုပြန်ပြီး ချစ်ပါ့ရစေတော့။

ကို

Labels:

Posted on 3:56 PM by ပိုင်ဖြိုးကို | 3 Comments