ကောင်မလေးရေ ......

ကောင်မလေးရေ...
တချိန်ကတော့
လွမ်းချင်ပေမယ့် မလွမ်းတတ်ခဲ့ဘူး ...

ကောင်မလေးရေ
အခုတော့
မလွမ်းချင်ပေမယ့် လွမ်းနေရတယ် .....

ကောင်မလေးရေ
သံယောဇဉ်ဆိုတာ
ချည်ဖို့ထက် ဖြည်ဖို့ခက်နေပြီလေ ......

ကောင်မလေးရေ
မချစ်တတ်ခဲ့သလို
အချစ်ငတ်ခဲ့တဲ့ဘဝကို မင်းသိရဲ့လား ....

ကောင်မလေးရေ
ငါ့အတ္တကို ငါမမြင်ခဲ့ပေမယ့်
မင်းကတော့ ကောင်းကောင်းမြင်ခဲ့တယ်လေ ...

ကောင်မလေးရေ
အရင်ကမင်းချစ်ခဲ့သလို
မင်းကိုပြန်ပြီး ချစ်ပါ့ရစေတော့။

ကို

Labels:

Posted on 3:56 PM by ပိုင်ဖြိုးကို | 3 Comments