သံယောဇဉ် .....

  • ငါ နင့်ကို မချစ်ဘူးလို့ မပြောပါနဲ့
    ငါကိုယ်တိုင် အချစ်ဆိုတာကို နားမလည်သေးလို့ပါ။

  • ငါ နင့်ကို ဂရုမစိုက်ဘူးလို့ အပြစ်မတင်ပါနဲ့
    ငါ့ကိုယ်ငါတောင် ဂရုမစိုက်မိသေးလို့ပါ။

  • ငါ နင့်ကို မုန်းနေတယ်လို့ မပြောပါနဲ့
    ငါ အမုန်းဆိုတာကို တကယ် မေ့ထားတဲ့လူပါ။

  • ငါ နင့်ကို စိတ်ထဲမရှိဘူးလို့ အပြစ်မတင်ပါနဲ့
    ငါ့စိတ်ထဲမှာ ဘာဆို ဘာမှကိုမရှိလို့ပါ။

  • ငါ နင့်ကို နားမလည်ဘူးလို့ မပြောပါနဲ့
    ငါနင်နဲ့ပတ်သက်ရင် နားအလည်ဆုံးလူပါ။

  • နင် ငါနဲ့ပတ်သက်ပြီး နားလည်ဖို့က
    ငါ နင့်ကို သံယောဇဉ် ရှိတယ်ဆိုတာလေး တခုပါဘဲ .....

ကို

(ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး၊ ရေးချင်စိတ်လေး တခုတည်းနဲ့ ရေးလိုက်တာပါ)

Labels:

Posted on 3:54 PM by ပိုင်ဖြိုးကို | 3 Comments