နွေဦးကောင်းကင်

နွေဦးတစ်ခုရဲ့ ကျောင်းဖွင့်စတနေ့မှာ ....
ငါ့ရင်ထဲက အဘိဓာန်တွေကျရှုံးခဲ့တာ
မင်းတစ်ယောက်ထဲ ကြောင့်ပါကွာ ....။

နွေဦးရဲ့ လေရူးနဲ့အပြိုင် ငါမင်းကို ရူးခဲ့ဖူးတယ် .....
မင်းငါ့ကိုဆို မြူမှုန်လောက်တောင် တန်ဘိုးထားဖြစ်ခဲ့ရလား ... ???

ချစ်တယ်ဆိုတာ သင်္ချာပုံသေနည်းလို အစီအစဉ်ကျရင်
ငါမင်းကို တကယ်မချစ်ဝံ့ခဲ့ပါဘူး ...။

ပင်လယ်ကြီးက မာယာများတယ်တဲ့
မြစ်တွေက ကောက်ကွေ့တယ်တဲ့
ငါ့ရင်ထဲက ကောင်းကင်ကြီးကရော ....????

ငါ့အတွက်ကတော့ ကောင်းကင်ကြီးက အမြဲဖြူစင်နေပါတယ် .......

ချစ်ပြီးတော့ မှနောင်တလဲ မရချင်ပါဘူး ....
ငါ့ရင်ထဲက အလွမ်းတံခါးကို ကိုယ်ကိုယ်တိုင်ပဲ ဖွင့်လိုက်တော့မယ် ..။

ဖြိုး

(တခါမှ ပို့စ်မတင်ဘူးတဲ့ ဖြိုးက gtalk ကနေရေးပေးထားတဲ့ ကဗျာလေးပါ)

Labels:

Posted on 8:27 PM by ပိုင်ဖြိုးကို | 1 Comments

လွမ်း

ငါ့အတွက်တော့
လွမ်းတယ်ဆိုတာ
ကဗျာတွေ၊ စာတွေထဲကလို မချိုမြိန်ပါဘူး။
လက္ဘက်ရည်ဆိုင်က ကျဆိမ့်တစ်ခွက်လောက်လဲ
မခါးသက်ပါဘူး။

ငါမင်းကို လွမ်းချင်သေးတယ်
ငါလွမ်းနေဦးမယ်
ငါလွမ်းဖို့ ကြိုးစားဦးမှာပဲ။

မင်းကိုသတိတရရှိတဲ့အချိန်မှာ
သတိရနေခွင့်
လွမ်းနေခွင့်ရှိနေရင်ဘဲ
ငါကျေနပ်နေနိုင်ပါရဲ့။ ။

ကို

(ကဆုန်လပြည့်နေ့က သူငယ်ချင်းတယောက်ကို မှတ်မှတ်ရရ လွမ်းမိလို့ပါ)

Labels:

Posted on 12:10 AM by ပိုင်ဖြိုးကို | 1 Comments