တံလျှပ်

ပစ်ချခဲ့တဲ့ နေရာကနေ
'စ'ရမယ့်ဘဝမှာ
'မာန' နဲ့ 'အရှက်တရား' သာ
လက်ကိုင်ထားခဲ့တယ် ...။

လေ.... နဲ့အတူ
ရေ.... နဲ့အတူ
အလွင့်တွေထဲမှာ
ကျောက်ချထားဆဲ ...။

ချင်ခြင်းတပ်အိပ်မက်တွေအတွက်
ပေးဆပ်ခဲ့ရတာတွေ ...
နေစောင်းချိန်ရောက်မှ
နှောင်းပြီဆိုတာသိခဲ့ပါလား ...။

ကဲ ..
လာခဲ့ ..
ဒီတနွေလည်း ....
ငါရင်ကွဲဦးမယ် ...။

(မုတ်သုန်)

Posted on 8:55 PM by ပိုင်ဖြိုးကို | 3 Comments