အိပ်မက်ဆိုး .............


ညတစ်ည .....
ငါ့အိပ်မက်ထဲ မင်းမရှိဘူး
ချစ်တဲ့သူရော၊ မုန်းတဲ့သူရော
ငါ့ဝန်းကျင်မှာ လေဟာနယ်ပေါ့ ချစ်သူ .....။

ထိုခဏတာ ....
နောင်သံသရာက
ငါ့ကိုခေါ်နေပြီ၊ ငါ့ကိုစောင့်နေပြီ
ငါငြင်းခွင့်မရ၊ နာခံရပြီ ချစ်သူ .....။

ငါမကြောက်ပါဘူး
ငါ့ဆန္ဒက တခုတည်း
ငါချစ်တဲ့မင်းကို ငါ့အနားနား
စက္ကန့်ပိုင်းလောက် ရှိနေစေချင်မိတယ် ချစ်သူ .....။

ငါကြိုးစားလို့မရ
ငါဘာမှမတတ်နိုင်ပဲ
မင်းမရှိတဲ့ ဝေဝေဝါးဝါး ဇာတ်သိမ်းကြောင့်
ငါ ရင်နင့်ခဲ့ရတယ် ချစ်သူ .....။

ဘာပဲဖြစ်ဖြစ်
ဘယ်ပဲရောက်ရောက်
မင်းလက်လေးကို ငါ့ရင်ခွင်မှာ
အခိုက်အတန့်လေးတော့ ထားခွင့်ပေးပါ ချစ်သူ .....။

ကို

Labels:

Posted on 12:04 PM by ပိုင်ဖြိုးကို | 1 Comments