ပန်းပန်လျှက်ပဲ

ညိုပြာပြာ လတာပြင့် ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း ။
ဆင်းရလည်း မသက်သာ ။
အုန်းလက်ကြွေ ရေပေါလော ၊ မျောစုန်လို့လာ ။
အဆင်းနဲ့ အလာ ၊ မဗေဒါ အထွေး ။
အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။
ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တလံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။
ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်မှာ တရာ နှစ်ရာ
ဗေဒါက တပင်ထဲ (တည်း) ။
အယက် အကန်ခံလို့ဗေဒါပျံ အံကိုခဲ ၊
ပန်းပန်လျှက်ပဲ ။
ဆရာဇော်ဂျီ ။
တက္ကသိုလ် ၊ အိုးဝေမဂ္ဂဇင်း ၊ ၁၉၆၀ ။
(ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း အမှတ်ရနေတဲ့ ကဗျာလေးပါ)
Labels: ကဗျာ
Posted on 2:45 PM by ပိုင်ဖြိုးကို | 3 Comments