သတိရပေးပါ ...

မင်းဖြူစင်ပေမယ့်
စွန်းထင်းခဲ့မိတဲ့ ငါ့နှလုံးသား။

မင်းပေးမလိုလိုနဲ့
မပေးခဲ့တဲ့ သံယောဇဉ်။

မင်းသာယာခဲ့ပေမယ့်
လျှစ်လျူရှုခဲ့တဲ့ ငါ့မေတ္တာ။

မင်းသိခဲ့ပေမယ့်
ဥပေက္ခာထားခဲ့တဲ့ ငါ့အချစ်။

ငါတန်ဘိုးထားပေမယ့်
ပုံစံပြောင်းခဲ့တဲ့ ခင်မင်မှု။

မရှိခဲ့သင့်ပေမယ့်
ထားခဲ့ကြတဲ့ မာနတရား။

သနားချင်ယောင်ဆောင်ပြီး
ဝိုင်းလှောင်ခဲ့တဲ့ ပတ်ဝန်းကျင်။

ဒါတွေမေ့ထားပြီး
မင်းကိုငါ ချစ်နေသေးတယ်ဆိုတာ
တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရပေးပါ။

ကို

Labels:

Posted on 11:41 AM by ပိုင်ဖြိုးကို | 1 Comments