သိခြင်း၊ မသိခြင်း

အတိတ် .......
ငါ ရှိခဲ့သလား
မင်း ရှိခဲ့သလား
သူ ရှိခဲ့သလား
ငါ့ကိုယ်ငါတောင် မသေချာ ...။

ပစ္စုပ္ပန် ......
ငါ ရှိနေတယ်
မင်း ရှိနေတယ်
သူ လဲရှိနေတယ် ...။

အနာဂတ် ......
ငါ ရှိပါ့မလား
မင်း ရှိပါ့မလား
သူ ရောရှိပါ့မလား ...။

မသိချင် သူရဲ့စိတ်ထဲက
မသိသလိုနဲ့ သိနေခြင်းတွေကို
ငါ မသိချင်တော့ဘူး ...။

ငါ လမ်းပျောက်နေတာလား
ငါ လမ်းလျှောက်နေတာလား
သေချာတာက
ငါ တနေရာရာကို ဦးတည်နေတာဘဲ ...။

ငါ ဘယ်ကိုလဲ၊
မင်း ဘယ်ကိုလဲ၊
ငါ ရဲ့မသိခြင်းကို
မင်းသိနေသလို ငါသိချင်လိုက်တာ ....။


ကို

Labels:

Posted on 4:51 PM by ပိုင်ဖြိုးကို | 3 Comments