အလွမ်း ...



နင်ဟာ ...


ငါ့အတွက်တော့


ကြိမ်ဖန်များစွာ ကျင့်သားရနေတဲ့


လက်မှတ်လေး တစ်ခုပါ ...


နင်ဟာ ...


ငါ့အတွက်တော့


အမှုအမှတ်မဲ့ ပေမဲ့


တကယ် တည်ရှိနေခဲ့တဲ့


လမင်းလေး တစ်စင်းပါ ...


နင်ဟာ ...


ငါ့အတွက်တော့


မြေပုံအညွှန်း မလိုတဲ့


အိမ်အပြန် လမ်းကလေးပါ ...


ရှိနေခဲ့သလား ...


သိနေခဲ့သလား ...


မရေရာလို့ လှမ်းကြည့်မိတော့ ...

ပိုင် (မုတ်သုံ)

Labels:

Posted on 11:50 PM by ပိုင်ဖြိုးကို | 1 Comments

လိုအပ်ခြင်း .....



ပည့်စုံမှုနှင့် အစပြု
ဘဝတစ်ခုမဖြစ်ခဲ့ပါ။
လိုတရခြင်း အစပွား
ဘဝများလဲ မဖြစ်ခဲ့ပါ။
ဒါပေမယ့် ..........
ကျွန်တော့်အတွက်
မေတ္တာတရားရဲ့ အရိပ်မှာ
တမှေးလောက် အိပ်စက်ခွင့်ရလျှင်ပဲ
ကျေနပ်နေနိုင်ပါရဲ့။


ကို

Labels:

Posted on 10:17 PM by ပိုင်ဖြိုးကို | 1 Comments

ရည်းစားဦးဇာတ်လမ်း




  • ပုံဆောင်ခဲတစ်ခု
    ဒါဟာ … အချစ်တဲ့လား
    များများတော့ မတွေ့မိ
    ထိချက်က … ။


  • ဒြပ်ထုတစ်ခု
    ဒါဟာ … ဥပေက္ခာတဲ့လား
    ကြားကဝင်ခြားတော့ …
    ငါ မှားမိပါပေါ့ … ။


  • အဆုံးမသတ်သေးတဲ့ ည
    ဒါဟာ … စိတ္တဇတဲ့လား …
    စားမိတာက အချစ်သီး
    မနီးစပ်တဲ့ နှစ်ခုကြား
    ပိုးကဝင်နှောင့်တော့ …
    ရော …
    သင့်ခဲ့ပြီ ဒီအဆိပ် … ။

ပိုင် (မုတ်သုံ)

Labels:

Posted on 10:18 PM by ပိုင်ဖြိုးကို | 1 Comments

တရားခံ



  • ခံစားမှုတခု
    အစပြုခဲ့တဲ့ ကဗျာတစ်ပုဒ် ..... ။

  • မျှော်လင့်ခြင်းသစ်ပင်
    ပြင်မရတဲ့ အစပျိုးမှု
    တခုခုများ မှားခဲ့လို့လား ..... ။
    (ဒါမှမဟုတ်)
    မရေမရာ အပြစ်တွေနဲ့
    သေသေချာချာ
    (ငါ) မချစ်တတ်ခဲ့လို့လား ..... ။

  • ညီမျှခြင်းတစ်ခု
    မင်းပြုခဲ့တဲ့ အမှန်တရား ...
    ငါထုဆစ်တဲ့ သစ္စာတရား
    မှားခဲ့တာ တစ်ခုမှမရှိ ...
    ရှာမတွေခဲ့တာ နားလည်မှု
    ဖြစ်ပျက်ခဲ့တာ အိပ်မက်အလား ...
    ရယ်များရယ်ချင်မိတယ် ..... ။

  • ကဲ ... အပြစ်မဆိုသာတော့ပါဘူး ...
    ဖြစ်သလိုသာ ကျေနပ်လိုက်ပါ့မယ် ...
    ငါက ... ချစ်မိခဲ့သူကိုး ...

  • ခံစားမှုတစ်ခု
    အစပြုခဲ့တဲ့ ကဗျာတစ်ပုဒ်
    ..... အခုတော့လဲ ..... ။

ပိုင် (မုတ်သုံ)

Labels:

Posted on 9:36 PM by ပိုင်ဖြိုးကို | 1 Comments