ယစ်မူးခြင်း

စိတ္တဇဆန်တဲ့
မှောင်လွန်းတဲ့လမ်းကို
ငါတပ်မက်ခဲ့တယ်။

မဟာဆန်တဲ့
ဂီတာအိုရဲ့သံစဉ်နဘေးမှာ
ငါဝပ်တွားခဲ့တယ်။

အဆိပ်တက်နေတဲ့
ဝိုင်ချိုချိုတစ်ခွက်ကို
ငါယစ်မူးခဲ့တယ်။

စူးစူးရှရှ
မျက်ဝန်းနက်တွေကို
ငါ .. ဥပက္ခာထားခဲ့ဘူးတယ်။

ဂုဏ်ရှိန်ပြင်းတဲ့
နိယာမတစုံကို
ငါ ... ဆန့်ကျင်ခဲ့တယ်။

ငါ့ဘဝကိုပုံအော
ဂုဏ်သိက္ခာကိုခဝါချပြီး
ချစ်ခြင်းတခုအတွက်
ငါစိန်ခေါ်လိုက်ပြီ ချစ်သူ .........။

Labels:

Posted on 9:59 PM by ပိုင်ဖြိုးကို | 4 Comments