ရည်းစားစာ


သာမာန်အကြည့်တွေပါပဲ ..
သစ်ပင်ကိုကြည့်သလို
တိမ်တွေကို ကြည့်သလိုမျိုးပေါ့ ....
ငါ့ကျမှ ..
ဘာလို့ ငြိတွယ်မိတာလဲ ..
ဟုတ်တယ်
နင့်အကြည့်မှာ
ဗိုလ်ခြေတစ်ထောင် ဒူးထောက်တယ် ..။


သာမာန်အပြုံးတွေပါပဲ ..
အလိုကျမှုတစ်ခုလို
လောကဝတ် တစ်ခုလိုမျိုးပေါ့ ....
ငါ့ကျမှ ..
ဘာလို့ ငြိတွယ်မိတာလဲ ..
ဟုတ်တယ်
နင့်အပြုံးမှာ
စစ်မက်တစ်သိန်း ငြိမ်းအေးတယ် ..။


သာမာန်နေ့ရက်တွေပါပဲ ..
မနက် ..
နေ့လည် ..
ည ..
အလျားလိုက်ကုန်ဆုံးရင်း ..
မကြာခဏ သတိရမိတယ် ....
ကောင်မလေးရေ ...
နင့်ဖြစ်တည်မှုမှာ
(ငါ) အလင်းနှစ်တစ်သန်း ပျောက်ဆုံးတယ် ....
ဟုတ်တယ် ...
တစ်ဘဝစာပါ ....
*နင့်ကိုငါ ..... ချစ်တယ် .....*


(မုတ်သုန်)

(အချစ်ကဗျာလေးတွေ မရေးတာကြာလို့ ကလေးကလားဆန်ရင် ခွင့်လွှတ်ကြပါဗျို့)



Labels:

Posted on 11:29 PM by ပိုင်ဖြိုးကို | 3 Comments