သေချာခြင်း

မိုးရိပ်သန်းတော့

လွမ်းတဲ့စိတ်က

အဆိပ်တက်ပြန်တော့

ငါ့ကိုယ်ငါဘဲပြစ်တင်မိတယ်။


သတိရခြင်းတို့

တမ်းတခြင်းတို့

လွမ်းဆွေးခြင်းတို့ငါ့ရင်ဘတ်နဲ့ ပြည့်နေပြီ။


ရွာတတ်တဲ့မိုးဘဲ မှားနေတာလား ..

ငိုတတ်တဲ့ငါဘဲ မှားနေတာလား ..

သေချာတာကတော့

မုန်းတတ်တဲ့ မင်းကတော့ အမြဲမှန်နေပါတယ်။



ကို

Labels:

Posted on 8:48 PM by ပိုင်ဖြိုးကို | 1 Comments