မနက်ဖြန်

အမှန်နဲ့ အမှားကြားမှာ

တတိယလမ်းက ခြားထားသေးတယ် ……


ကိုယ့်ကိုယ်ကိုတောင် ကျေနပ်အားမရနိုင်သေးသမျှ

ဘယ်အရာတွေကို အလိုမကျနေဦးမှာလဲ …..


တုံးတိုက်ထားတဲ့ ဒဏ်ရာတွေ

ကျားကိုက်ထားတဲ့ အနာတွေက

လူတိုင်းမှာလို ရှိနိုင်သေးတော့ …..


ဘုရားသခင်လား ..!

အလ္လာရှင်မြတ်လား ..!

ပဥတ်ထားတာတွေ မသိချင်ပါဘူး …..


မင်းရှိနေသေးတယ်

ငါရှိနေသေးတယ်

အဲ့ဒီမှာတင် ငါတို့ဘဝပျော်မွေ့ကြမယ် …။



ပိုင်

Posted on 4:53 PM by ပိုင်ဖြိုးကို | 1 Comments