ကောင်းကင်၊ မြေကြီးနဲ့ ပင်လယ်


ကောင်းကင်…..
ပုံဆောင်ခဲတခု မဟုတ်ခဲ့ပါ
ဒြပ်ထုတခုလဲ မဖြစ်ခဲ့ပါ
လွင့်မြောခြင်းအစ၊
လွတ်လပ်ခြင်းရဲ့သင်္ကေတ၊
ကိုးစားမှုရဲ့ ပုံဆောင်ခဲ၊
ချစ်ခြင်းမေတ္တာရဲ့ ဆုံမှတ်။ ။

မြေကြီး …..
စီးမြောခွင့် မရှိပေမယ့် …
တည်ရှိခွင့်ရဲ့ အနက်သဏ္ဍာန်၊
ခိုင်မာခြင်းရဲ့ အဓိပ္ပာယ်
တွယ်တာမှုတို့ ဖြစ်တည်ရာ
ချစ်ခြင်းတရားရဲ့ စတည်မှု
သံယောဇဉ်ရဲ့ ပြရုပ်။ ။

ပင်လယ်…..
မြေကြီးကို ဦးတိုက်
ကောင်းကင်ကြီးရဲ့ ရင်ခွင်အောက်မှာ
ချစ်ခြင်းမေတ္တာနဲ့
သံယောဇဉ်အကြား
စုန်ဆန် ပျော်မွေ့နေတတ်သူလား။ ။
ကို

Labels:

Posted on 8:28 PM by ပိုင်ဖြိုးကို | 2 Comments

သူ

သူ ငါ့နားရောက်လာတယ်

သူ ငါ့ကိုညှို့တယ်

သူ ငါ့ကိုမိန်းမောစေတယ်

သူ့ ဆီမှာငါ့ကို ဒူးထောက်စေတယ်

သူ ဘယ်သူလဲ

သူ ဘယ်ကလဲ

သူ ဘာအတွက်လဲ

ဘာမှမသိခင် သူ ဆိုတဲ့ သံယောဇဉ်’ ကြောင့်

အရာအားလုံးကို ငါအရှုံးပေးလိုက်ပြီ။ ။

Labels:

Posted on 11:23 PM by ပိုင်ဖြိုးကို | 4 Comments

အမျှင်

ညှို့မယ့် ညှို့တော့လဲ

ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ …..


ကိုယ်ကလွဲရင် ကိုယ်ပါပဲထင်ပြီး

ကိုယ့်အရေကို ဆွဲဆုတ်ပြမိတယ် …..


တစ်ယောက်အခွေဟာ

တစ်ယောက်ကို ထုံးတဲ့ကြိုးလို …

လှုပ်လေ … တင်းလေ …..



တစ်ယောက် အမြှီးကို

တစ်ယောက်ပြန်မြိုရင်း …

ကိုယ့်ကိုယ်ကို တွေ့တယ် …..



ဖြေဆေးအတွက်

ကိုယ့်အဆိပ်ကို အန်ချပြီးတော့ …

လျှာနှစ်ခွနဲ့ လျှက်လို့ …..



အချိန်မရှိတော့ဘူး …

နေရာမရှိတော့ဘူး …

ဒီမှာတင် အသက်ကိုအပ်ခဲ့မယ် …

ကိုယ့်တွန်သံကြားလည်း … လှည့်မကြည့်နဲ့တော့ …..။


( “အမျှင်” ဇာတ်လမ်းထဲက ကဗျာလေးပါ။ )


Labels:

Posted on 9:26 PM by ပိုင်ဖြိုးကို | 2 Comments