သခင်

သခင်
သခင့်ထံပါးခစားရင်းလဲ
အကျွန်ပျော်ရွှင်ခဲ့ပါတယ် .....

သခင်
သခင့်ဖဝါးထက် နိမ့်ပါးရင်းလဲ
အကျွန်ဂုဏ်ယူခဲ့ပါတယ် .....

သခင်
သခင့်မိန့်စကား တခွန်းကြားလဲ
အကျွန်မျက်ကန်းခဲ့ပါတယ် .....

သခင်
သခင်စေစား မှန်နဲ့မှားဟု
အကျွန်ဝေဝါးခဲ့ပါတယ် .....

အကျွန့် ဘဝ
သခင့်လက်တွင်း ကျွန်အပ်နှင်း
အကျွန်မှတ်ထားခံယူဆဲပါ သခင် ..........။

Labels:

Posted on 6:37 PM by ပိုင်ဖြိုးကို | 5 Comments