ခံဝန်ချက် ....

ငါ့နှလုံးသား သံစဉ်တွေက

ပြတ်တောင်းပြတ်တောင်းနဲ့ ဝေဝါးလာပြီ ……။


မသေခြာ၊ မရေရာတဲ့

ငါ့ဘဝရဲ့ အနာဂတ်ကို

ငါကိုယ်တိုင် ကြောက်ရွံ့နေတယ် …..။


လေကို ဖမ်းမိချင်ခဲ့တဲ့ ဆန္ဒနဲ့

ရေလို မတည်ငြိမ်နိုင်တဲ့ ခံစားမှုတွေကို

မင်းဥပက္ခာထားခဲ့တာလေ …….။


တရွေ့ရွေ့နီးလာနေတဲ့

လမ်းခွဲခရီးကို ငါတုန်လှုပ်စွာ စောင့်နေမိတော၊့

အရာရာကို သွေးအေးတတ်ခဲ့တာ

အပြစ်တခုလို့ ဆိုချင်တာလားကွာ ………….။ ။

Labels:

Posted on 10:28 PM by ပိုင်ဖြိုးကို | 3 Comments

ခံယူခြင်း ......

ငြိမ်သက်နေတဲ့
ကန်ရေပြင်မှာ
ရှပ်ပြေးသွားတဲ့ ခဲတစ်လုံး .....

ရုန်းထခဲ့တဲ့
လှိုင်းကြပ်ခွပ်ကို
ဟားနေတာက သဘာဝတရား .....

အပြစ်မရှိတဲ့ ခဲ့လုံးလေးနဲ့၊
ဖြူစင်တဲ့ လှိုင်းကြပ်ခွပ်လေးအတွက်၊
မှားယွင်းစွာတည်ရှိခဲ့တဲ့ ကန်ရေပြင်လေးက .................

Labels:

Posted on 12:41 PM by ပိုင်ဖြိုးကို | 0 Comments