သံယောဇဉ် .....

  • ငါ နင့်ကို မချစ်ဘူးလို့ မပြောပါနဲ့
    ငါကိုယ်တိုင် အချစ်ဆိုတာကို နားမလည်သေးလို့ပါ။

  • ငါ နင့်ကို ဂရုမစိုက်ဘူးလို့ အပြစ်မတင်ပါနဲ့
    ငါ့ကိုယ်ငါတောင် ဂရုမစိုက်မိသေးလို့ပါ။

  • ငါ နင့်ကို မုန်းနေတယ်လို့ မပြောပါနဲ့
    ငါ အမုန်းဆိုတာကို တကယ် မေ့ထားတဲ့လူပါ။

  • ငါ နင့်ကို စိတ်ထဲမရှိဘူးလို့ အပြစ်မတင်ပါနဲ့
    ငါ့စိတ်ထဲမှာ ဘာဆို ဘာမှကိုမရှိလို့ပါ။

  • ငါ နင့်ကို နားမလည်ဘူးလို့ မပြောပါနဲ့
    ငါနင်နဲ့ပတ်သက်ရင် နားအလည်ဆုံးလူပါ။

  • နင် ငါနဲ့ပတ်သက်ပြီး နားလည်ဖို့က
    ငါ နင့်ကို သံယောဇဉ် ရှိတယ်ဆိုတာလေး တခုပါဘဲ .....

ကို

(ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး၊ ရေးချင်စိတ်လေး တခုတည်းနဲ့ ရေးလိုက်တာပါ)

Labels:

Posted on 3:54 PM by ပိုင်ဖြိုးကို | 3 Comments

ရင်ဖွင့်အလွမ်း



  • ဒီကမ္ဘာကြီးပေါ့
    အံချော်မှုတွေနဲ့
    အပြုံးတုကြီးကို .... သကာသုတ်ထားတယ် ...။



  • အဲ့ဒီပြဇာတ်ခုံပေါ်က …
    မာယာဝတ်ရုံကို
    ခြုံထည်ပြုထားတဲ့
    ကန္တာရပန်းလေးဟာ … နင်လား … ချစ်သူ ...။



  • ငါ့အတွက်လေ …
    မျက်လှည့်ဆရာလို ရိုးသားမှုတွေ
    နင် … ပေးအပ်ခဲ့တယ် ...။



  • လက်ခံပါ … ချစ်သူ …
    နင့်အတွက်တော့
    စုတ်ပြတ်နေတဲ့ (ငါ့) ရင်ခွင်ထဲက
    ခရမ်းရင့်ရောင် … အချစ်တွေကိုပါ …။



  • မငိုတတ်ခဲ့တဲ့ ငါ့နှလုံးသားက
    ကြားနေခဲ့တယ် …
    မြင်နေခဲ့တယ် …
    ဟိုး … ဆီမှာ … ခိုင်မြဲနေတဲ့ …
    ချစ်သူ့လက်တွေပါ …။



  • ယုံမလား … ချစ်သူ
    တံလျှပ်တွေကြားမှာ …
    ငါ … ကခုန်နေပါ့မယ် …
    ငါ့ရင်ထဲက
    အပင်အိုဟာလဲ …
    ဆက်လက်စိမ်းလန်းနေလိမ့်မယ် …။

ပိုင်

Labels:

Posted on 3:01 PM by ပိုင်ဖြိုးကို | 4 Comments