လင်းကြက်

လင်းကြက်

ကြည့်စမ်းပါဦး ……
အတ္တတွေကိုပုံသွန်းလောင်းထားလိုက်ပုံများ……
နတ်ဘုရားမှတ်ပြီးတောင် ကိုးကွယ်မိရဲ့  ………

မော်ပါ … ဖူးပါ ………………
သမိုင်းဦးဘုံမြေကတည်းက အမြစ်တွယ်လာတာ
“ နိုင်ရာစား “ မဟုတ်လား …………

လူနည်းတစ်စုရဲ့ ရမ်းကားမှုဟာ…………
အမှန်တရား မဖြစ်နိုင်တာတောင် ……
အချိန်ကပေးတဲ့အဖြေတွေမှာ ……
ကြက်ခြေခတ်တွေ များနေဆဲ ………

နှလုံးသွေးတွေ ဖြစ်ညှစ်လို့ …….
ထပ်တွန်ကြည့်မယ် …….
အရုဏ်ကျဉ်းဦးမလား …………….

မုတ်သုန်

Labels:

Posted on 9:28 PM by ပိုင်ဖြိုးကို | 11 Comments