အလွမ်း ...

နင်ဟာ ...
ငါ့အတွက်တော့
ကြိမ်ဖန်များစွာ ကျင့်သားရနေတဲ့
လက်မှတ်လေး တစ်ခုပါ ...
နင်ဟာ ...
ငါ့အတွက်တော့
အမှုအမှတ်မဲ့ ပေမဲ့
တကယ် တည်ရှိနေခဲ့တဲ့
လမင်းလေး တစ်စင်းပါ ...
နင်ဟာ ...
ငါ့အတွက်တော့
မြေပုံအညွှန်း မလိုတဲ့
အိမ်အပြန် လမ်းကလေးပါ ...
ရှိနေခဲ့သလား ...
သိနေခဲ့သလား ...
မရေရာလို့ လှမ်းကြည့်မိတော့ ...
ပိုင် (မုတ်သုံ)
Labels: ကဗျာ
Posted on 11:50 PM by ပိုင်ဖြိုးကို | 1 Comments